မြောင်းမြ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေကိုချစ်မြတ်နိုးပြီးစာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့်တစ်ဦးနှင့်တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်များရရှိလာစေရန်နှင့် စာအုပ်စာပေချစ်မြတ်နိုးစိတ်များဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club )အဖွဲ့ဝင်များ က စာရေးဆရာ ဦးရဲဦး-မြန်မာပြန် ရေးသားသည့် နုတ်ချို သျှိုတစ်ပါး စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာမြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက ယခုလို စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးစာအုပ်ပါအကြောင်းအရာများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နာယက ဦးကျင်စိုး ( မောင်လှိုင်းသစ်- ချစ်စရာမြေ)က ဦးဆောင်ဆွေးနွေးပြီးနောက် ကျန်Book Club အဖွဲ့ဝင်တို့က တစ်ဦးချင်းပါဝင်ဆွေးနွေးပြီး မိမိတို့၏တွေးခေါ်ယူဆမှုများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ရူပါအေး