တာချီလိတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တာချီလိတ်  ဒီဇင်ဘာ  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)ဘာသာပြန်ဆိုရေးသားသည့် “ဘဝတစ်လျှောက်အောင်မြင် ပျော်ရွှင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွှဲ  ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပရသည့်ရည်ရွယ်ချက်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသူများက စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)ရေးသားသည့် ဘဝ တစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း စာအုပ်ပါ “မောပန်းနွမ်းနယ်မှုနှင့် သောကကင်းဝေးမှု နည်းလမ်းလေးခု”၊ “လုပ်စရာရှိကလုပ်ပါ ဝေဖန်တာနဲ့ပဲ့ပါမသွား”၊ “အပြစ် မတင်ဘဲ အလုပ် ဖြစ်အောင်လုပ်ပါ”နှင့် လူအများနှင့်ပြေပြေပြစ်ပြစ်ဆက်ဆံနည်း” စသည့် ခေါင်းစဉ်များကို ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာကြသူများက စာဖတ်ဝိုင်းမှရရှိသည့် စာပေအသိပညာ ဗဟုသုတများနှင့် လက်တွေ့လိုက်နာကျင့်သုံးသင့်သည့် အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယာဆေး(တာချီလိတ်)