ကျောက်ဆည်မြို့နယ်တွင် Myanmar Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားအားကစားခြင်းများ ဆောင်ရွက်

ကျောက်ဆည်  ဒီဇင်ဘာ   ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ကိုယ်ခံအား ကောင်းမွန်စေရန်အတွက် ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားအားကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းနှင့်ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြည်သူများအနေနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံအား ကောင်းစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အားကစားလုပ်ဆောင်သူများအနေဖြင့် လေ့ကျင့်ခန်းများ လုပ်ဆောင်ရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် ပြုလုပ်မှသာ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာလာပြီး ကျန်းမာရေးကောင်းမွန်သော လူသား တစ်ဦးဖြစ်ကာ ကူးစက်ရောဂါများ တွန်းလှန်ကာကွယ်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ပြည်သူများ ကိုယ်ကာယ လေ့ကျင့်မှုများ ပြုလုပ်ရာတွင် နည်းစနစ်မှန်ကန်စေရေးတွက် Myanmar Fitness Dance အကဖြင့် သရုပ်ပြကပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)