သတင်းများ

ဂွမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ဒုတိယနေ့ ဆက်လက်ထိုးနှံပေး
Oct 12,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲမှ စတင်ပြီး စုရပ်(၃)ခု၌ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများကို ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရေဂါကာကွယ်ဆေးထိုးနှံမည့် အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနိုင်ရေး သင်တန်းပို့ချ
Oct 12,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာကျောင်းများရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ထိုးနှံမည့် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနိုင်ရေးအတွက် အောက်တိုဘာလ ၁၂ရက် နံနက် ၁၁နာရီအချိန်က ပခုက္ကူမြို့၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချသည်။
ပလောက်မြို့တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Oct 12,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့အတွင်း ရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင် ရန်အတွက် အသက်(၁၈)နှစ် နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်မြို့ကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများအား အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ရွှေသီလာရတနာခန်းမ၌ ဆက် လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လူငယ်များသိထားသင့်သော ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် စာဖတ်ဝိုင်း မိုင်းရယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပ
Oct 12,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center တွင် ယနေ့ နံနက် ၁၀ နာရီက လူငယ်များ သိထားသင့်သော ဆေးလိပ် ဆေးရွက်ကြီး အန္တရာယ်စာဖတ်ဝိုင်း ပြုလုပ်ပါသည်။
ဖြစ်ထွန်းလျက်ရှိသော မျိုးစေ့ထုတ်မိုးစပါးစိုက်ခင်းများ စပါးအထွက်ကောင်းမွန်‌စေရေး တောင်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေး
Oct 12,2021
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာများဖြစ်သည့် မုတ်စီ၊ ချမ်းသာ၊ ရေဦးကုန်း၊ တမာတော နယ်မြေအတွင်းရှိ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စင်တာအလိုက်စိုက်ပျိုးရေး၀န်ထမ်းများမှ တောင်သူအကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
မန်တုံမြို့နယ်၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုင်းဘုတ်စိုက်ထူခြင်း
Oct 12,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေကွက်လပ်နေရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ငပုတောမြို့ရှိဒေသခံပြည်သူများထံကာကွယ်ဆေးဖြင့်လွှမ်းခြုံသော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Oct 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ အသက်(၁၂)နှစ်အထက် အခြေခံပညာ အထက်တန်း၊အလယ်တန်း ကျောင်းသား / ကျောင်းသူများနှင့် မိဘပြည်သူများသိရှိစေရန် ပညာသင်အခွင့် အလမ်းများ ရရှိစေရန်မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်၍ ကာကွယ်ဆေးဖြင့် လွှမ်းခြုဲအပ်သော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်များ ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။