ကြံခင်းမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

ကြံခင်း  ဒီဇင်ဘာ ၂၁ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   ရည်ရွယ်ပြီး ဒီဇင်ဘာလ(၂၁)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ကမသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာများနှင့်စပ်လျဉ်းသည့်သိကောင်းစရာများကိုမှတ်တမ်းဓာတ်ပုံများဖြင့် ပြည်သူများလေ့လာဖတ်ရှု့နိုင်ရန်ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါအသိပညာပေးစာစောင်တွင် မသန်စွမ်းမှုဖြစ်ရခြင်းအကြောင်းအရင်းများ၊ မသန်စွမ်းမှုအမျိုးအစားများ၊ မသန်စွမ်းသူများ၏သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများ၏အခြေခံအခွင့်အရေးများ၊ မသန်စွမ်းသူများအတွက်ခွဲခြားမှုမရှိသောပတ်ဝန်းကျင်နှင့်အဟန့်အတားကင်းသောပတ်ဝန်းကျင်အခြေအနေအသိပညာပေးဖော်ပြချက်များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့်ဆက်သွယ်ဆောင်ရွက်၍ရနိုင်သောနည်းလမ်းများကို မှတ်တမ်း ဓာတ်ပုံများဖြင့်ပြည်သူများလေ့လာဖတ်ရှု့နိုင်ရေးအသိပညာပေးပြသထားကြောင်းသိရသည်။

မိုးမိုး