သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြိူ့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့်  အင်ဂျင်နီယာ အဖွဲ့တို့နှင့်အတူ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် () ဘဏ္ဍာနှစ်တွင် သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာ၌ တင်ဒါအောင်  Kyaw Than Zay Co.,Ltdမှ တာဝန်ယူဆောင်ရွက်နေသည့် ကုန်ထုတ်မြေသားလမ်းခင်းခြင်း လုပ်ငန်းနှင့် ညောင်ဝိုင်းကျေးရွာတွင် ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းနေမှု လုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးတို့အား လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးတိုးရေးစီမံကိန်းနှင့် ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) အကောင် အထည်ဖော်လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်