သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့    အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

သံတောင်ကြီး    ဒီဇင်ဘာ    ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းနေ အရွယ် ကလေးများအနေဖြင့့်် လွတ်လပ်ရေးနေ့ကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်အတွက် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကိုယနေ့ နေ့လည်(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ   မြို့နယ်ဦးစီးမှူးနော်လော်မူက    ကလေးသူငယ်များအနေဖြင့်   လွတ်လပ်ရေးနေ့ကို သိရှိ တန်ဖိုးထားတတ်စေရန် အတွက်လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာများ၊ တိုင်းရင်း သားခေါင်းဆောင်များ၏  လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးကိုကာကွယ် ထိန်း သိမ်းစောင့် ရှောက်တတ်စေရန်နှင့်အမြဲအမှတ်ရစေရန်အတွက်  ဟောပြောဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)