ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

 ဟင်္သာတ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ဆကဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြန်ဆက်ရုံးရှိ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ရ သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ  စာရေးဆရာမ ခင်စုစုစံ နှင့် မြနှင်းရည်ရှိန် တို့ ဘာသာပြန်ဆို့သည့် "အသေးစိတ်ကျကျ ဆောင်ရွက်မှသာ အောင်မြင်စွာနေထိုင်နိုင်မည်"  စာအုပ်အား  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ခင်နန်းချိုမှ စာအုပ်ပါ "စကားပြောကောင်းသူ တို့၏ တူညီချက်()ချက်နှင့် အချိန်ကို စနစ်တကျစီမံခန့်ခွဲမှု" ဆောင်းပါးတို့အား ဦးဆောင်ဆွေးနွေးရာ  တက်ရောက်လာသူ စာပေဝါသနာရှင် Women Club အဖွဲ့ဝင်များမှ စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဇော်