မေတ္တာ ဒီဇင်ဘာ ၂၃
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ထားဝယ်-မေတ္တာဟိုင်းဝေး ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလာသော ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်းကို ပြည်သူများ မီးသတိမူရေးနှင့် မီးဘေး ကြိုတင် ကာကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ အရေးပေါ်ဖုန်း နံပါတ် 191 ပါ မီးသတိပြုစာတမ်းများကပ်ခြင်း၊ အသိပညာပေး သတင်းစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မေတ္တာမြို့၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက် ဦးစီးမှူး၊ ဦးသူရကျော် ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ ဒု-ရဲအုပ်ရန်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)