ကော့သောင်းမြို့တွင် မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ်သတိပြုရေး စတေကာ Campaign နှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

ကော့သောင်း  ဒီဇင်ဘာ ၂၃

ကော့သောင်းမြို့တွင်း မောင်းနင်သွားလာလျက်ရှိသည့်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များနှင့် လမ်းထွက်သွားလာနေကြသူများအား မီးဘေးအန္တရာယ် သတိမှုရေးစတေကာ Campaign နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည့်လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ ကမ်းနားလမ်းနှင့် ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတို့၌ ခရိုင် မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီး မြို့တွင်းသို့ အရှေ့လေပြင်းများ တိုက်ခတ်ဝင်ရောက်လာနေချိန် ဖြစ်ကာ မြို့နေပြည်သူများမီးဘေးအန္တရာယ်သတိပြုကြစေရန်နှင့် မီးဘေးအန္တရာယ်ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားနိုင်ရန်နှင့် မီဘေး အန္တရာယ်ကျရောက်မှုကြောင့် နိုင်ငံတစ်ဝှမ်း ပြည်သူတို့၏ အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့နေရသဖြင့် ပြည်သူများ သတိပြုနိုင်ကြစေရန် ရည်ရွယ်ကြောင်း ကော့သောင်းခရိုင် ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးကပြောသည်။

ယင်းသို့ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပေါင်းစုံမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြို့တွင်းလမ်းများပေါ်၊ မောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ကုန်စုံဆိုင်များရှေ့တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေလာပါက မီးသတ်တပ်ဖွဲ့အား အရေးပေါ်ဆက်သွယ်အကူအညီ တောင်းခံနိုင်ရန်191 ဖုန်းနံပတ်ပါစတေကာများကပ်ပေး ခြင်းစသည့် ကမ်ပိန်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အသွင်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)