စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး LED Board  မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကိုင်  ဒီဇင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့်  ပန်းခင်းစီမံချက် အသိပညာပေး  LED Board  မော်တော်ယာဉ်နှင့်   မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြပြီး လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်  အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင် နှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းလွင်နှင့် တပ်ဖွဲ့ဝင်များ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စဉ့်ကိုင်မြို့နယ် ဦးစီးအရာရှိ ဦးတင်မောင်လွင်နှင့် ဝန်ထမ်းများ ၊ဌာနဆိုင်ရာများပူးပေါင်း၍  မန္တလေးတိုင်းဒေသကြီး    ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံချက်အသိပညာပေး  LED Board မော်တော်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးခြင်း လူစည်ကားရာနေရာများဖြစ်သည့် ဗိုလ်တေဇလမ်း ရန်နိုင်တံတားထိပ်၊ မြို့မဈေးရှေ့ ၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ၊ စဉ့်ကိုင်(အ.ထ.က)ကျောင်းရှေ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ဝန်ကြီးဌာန  ရုံးရှေ့နေရာများတွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်