မိုးညှင်းမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၂၀၀)ရှိသည့်အနက် ကျောင်းပေါင်း(၁၈၀)ထိ ဖွင့်လှစ်ခဲ့၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

မိုးညှင်း          ဒီဇင်ဘာ        ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ  အခြေခံပညာစာသင်ကျောင်း(၂၀၀) ရှိသည့်အနက် ဒီဇင်ဘာ(၂၂)ရက်နေ့ အထိ စာသင်ကျောင်း (၁၈၀)ကျောင်း ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။

မိုးညှင်းမြို့နယ်ကို ဒီဇင်ဘာ(၁၁)ရက်နေ့က မိမိနေအိမ်တွင်နေထိုင်ရန် (Stay At Home) အစီအစဉ်တွင်  အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ပြီးနောက် အခြေခံပညာစာသင်ကျောင်းများကို ဒီဇင်ဘာ(၁၃) ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိသည်။

အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် မိုးညှင်းမြို့နယ်အတွင်းမှ အခြေခံပညာ ကျောင်းပေါင်း(၂၀၀) ကျောင်းရှိ သည့်အနက် အထက ၁၉ ကျောင်း၊ အထက(ခွဲ) ၁၀ ကျောင်း၊ အလက ခုနှစ်ကျောင်း၊ အလက(ခွဲ) ၁၉ကျောင်း၊ အမက(လွန်) ၁၈ကျောင်းနှင့် အမက ၁၀၄ကျောင်းနှင့် အမက(ခွဲ) သုံးကျောင်းစသည် စုစုပေါင်းအခြေခံပညာကျောင်း (၁၈၀)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၈၇၈၈)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)