မွန်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အမှုတွဲခန်း RC(၃) ထပ် အဆောက်အဦနှင့် RC (၂)ထပ်ရုံး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မော်လမြိုင်   ဒီဇင်ဘာ  ၂၃

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်     ပြည်နယ်ဘဏ္ဍာ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့်အမှုတွဲခန်း RC ()ထပ် အဆောက်အဦဖွင့်ပွဲနှင့် RC ()ထပ်ရုံး တည်ဆောက်ခြင်း လုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲ က မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှုတွဲခန်း RC()ထပ် အဆောက် အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက်   အဆောက်အဦမော်ကွန်းဆိုင်းဘုတ်အား   အမွှေးနံ့သာ ရည်ပက်ဖြန်းပေးသည်။

အဆိုပါ  အဆောက်အဦကို    ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန       ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ ၈၆ဒသမ သန်း ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အမှုတွဲခန်း RC()ထပ် အဆောက်အဦအမျိုးအစား ဖြစ်သည်။

ဆက်လက်ပြီး ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည်   ပြည်နယ်အစိုးရအဖွဲ့ရုံး၌   တည်ဆောက်မည့်  RC ()ထပ်ရုံး အဆောက်အဦခြံစည်းရိုးနှင့်   တည်ဆောက်ခြင်းလုပ်ငန်း   ပန္နက်တင် မင်္ဂလာ အခမ်းအနားကို   တက်ရောက်ခဲ့ပြီး  တည်ဆောက်ရေး   ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြမှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ် က လုပ်ငန်းများ စံချိန်၊စံညွှန်းပြည့်မီစွာနှင့်   သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း   အချိန်မီ ပြီးစီးစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြစေရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် မင်္ဂလာအချိန်တွင် ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက   သတ်မှတ်နေရာများတွင် ပန္နက်တင်ပေးခဲ့ကြပြီး  အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။ အဆိုပါ RC ()ထပ်ရုံး အဆောက်အဦ ခြံစည်းရိုးနှင့် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ မတ်လအထိ () လတာ   ဘဏ္ဍာရေးနှစ်အတွင်း   ပြည်နယ်ဘဏ္ဍာ ခွင့်ပြုရန်ပုံငွေကျပ် ၉၂၆ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း