ရပ်စောက် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့မဈေးအတွင်းနှင့် ရပ်ကွက်များတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဌာနမှ ဝန်ထမ်းများနှင့် ဈေးအကျိုးတော်ဆောင် ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက် ခဲ့ကြရာ မြို့မဈေးအတွင်းနှင့် ရပ်ကွက်များအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ် အထက်ပြည်သူ(၁၀၆)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး (ပြန်/ဆက်)