စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၂

‌ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက စာရေးဆရာလူထုစိန်ဝင်း ရေးသားသည့် “မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး” စာအုပ်မှ “ဖြစ်ကတတ်ဆန်းလုပ်တတ်တဲ့ အကျင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချစ်ချစ်သန်းက “မဖြစ်နိုင်တာ ဘာမှမရှိ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က “စွယ်စုံရ ဖြစ်ဖို့လို” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မေအောင်က “သန်ပေမဲ့ မစွမ်းသူတွေအတွက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်ဇာဇာခိုင်က “အချိန်ဇယားနဲ့ အလုပ်လုပ်တတ်ဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ဟေမာလွင်က “စာဖတ်ရင် စဉ်းစားစရာပါရမယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ဆုပြည့်ဝေက “အလုပ်နဲ့ဂုဏ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုံးအကူ ဦးသက်ဖြိုးကြိုင်က “ဧဝရက်ကိုအောင်နိုင်တဲ့ ခြေနှစ်ဖက်မရှိသူ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်‌ရောက်ကြသည့် ဝန်ထမ်းများက အဆိုပါအကြောင်းအရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)