ဘူးသီးတောင် မြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ဘူးသီးတောင်  ဒီဇင်ဘာ  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ပြည်သူ့စာကြည့်တိုက်တွင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက် Face book Pageများမှ တဆင့်စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူ ၊လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှ အသိပညာမျှဝေခြင်းကဏ္ဍများ ဖြစ်သည့် Talk Show၊ သုတ၊ ရသ စာအုပ်/စာစောင် မိတ်ဆက်ခြင်း၊ စာပေသုတမျှဝေခြင်း၊ ပုံပြင်ပြောခြင်း ၊ကဗျာ ရွတ်ဆိုခြင်းနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက် /ပန်းအလှခေါက်  ခြင်း အစီအစဉ်များကို ရိုက်ကူး၍ ဘူးသီးတောင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Pageမှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ် အေးအေးအောင်ကစာရေး ဆရာမခင်နှင်းယု ရေးသားတဲ့ "အောင်မြင် သောနေ့"စာအုပ်မိတ်ဆက်ခြင်းနှင့် ဒုတိယဦးစီးမှူး ဦးမြင့်ခိုင်မှ "ကြောင်နှစ်ကောင်နဲ့ မျောက်ပုံပြင်" စာအုပ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို  Online မှ တစ်ဆင့်ထုတ်လွှင့် ပေးခဲ့ကြောင်း သိရသည်။

လှကျော် ( ပြန်/ဆက်)