သတင်းများ

၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်တွင် ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးနှင့် ကုန်ထုတ်လမ်း/တံတား လုပ်ငန်းများ၏ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် တွေ့ဆုံပွဲကျင်းပ
Dec 27,2021
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လဘတ်ဂျက်တွင် ဆောင်ရွက်မည့် တင်ဒါအောင် ကုမ္မဏီများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ရှိန်းမြသင်း ရေးသားထားသော စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေးဆီသို့ ဆောင်းပါဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခနီးကျေးရွာနှင့် ခနာကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို  ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက်ပိုင်းက ခနီးကျေးရွာနှင့်  ခနာ ကျေးရွာအတွင်းရှိ  လမ်းဆုံလမ်းခွနေရာများတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုလောမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပရာ ဝင်ရောက်ဖြေဆိုသူ (၁၅) ဦးရှိ
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Dec 27,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် Pilot Project ဖြင့်ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးပေး
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က Pilot Project ဖြင့် လောက်ကိုင်မြို့ အမှတ် (၂) ရပ်ကွက်၊ နယ်မြေ(၄)၊ ထင်းစည်းအဝိုင်းအနီးတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိသည်။
မယ်စဲ့မြို့နယ် လမ်းဆုံကျေးရွာ၌ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ သတ္တမအကြိမ် ပြန်လည်ထုတ်ချေးပေး
Dec 27,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာများ၌ ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးလျက်ရှိရာ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှ လမ်းဆုံကျေးရွာ အတွက် သတ္တမအကြိမ် ပြန်လည် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။