သတင်းများ

ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စုအတွင်းမှ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအား အခြေခံစားသောက်ကုန်နှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်း
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာ အုပ်စုအတွင်းမှ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများအား ဆွမ်းပြည့်စုံမှု ရှိစေရေးအတွက် ရေကျော်တိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ရာအိမ်မှူးများ စုပေါင်း၍ ယမန်နေ့ ညနေ (၄)နာရီတွင် ဆရာတော်၊ သံဃာတော်များ၏ လက်ဝယ်အရောက် အခြေခံစားသောက်ကုန်များနှင့် ဝတ္ထုငွေများ ဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၄)ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီအရာရှိ ဦးမြင့်ဇော်နှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့်  ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးကြောင်း  သိရသည်။
ငပု​တောမြို့နယ် စိမ်းလန်းစို​​ပြေရေးနှင့် အမှိုက်ကင်းစင်​စေ​ရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း ပြုလုပ်
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြေ ရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို မြို့အဝင် (ငပုတော-ပုသိမ်)ကားလမ်းမကြီးနှင့် (ငပု​တော-​မြောင်းမြ )ကားလမ်းမကြီးတလျောက်၌ ပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်‌‌ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင်  သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၃)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိ၍ လက်ရှိတွင် ပြည်သူ့‌ဆေးရုံ၌ ဆေးကုသမှုခံယူသူ (၂)ဦး သာ ကျန်ရှိ‌ကြောင်း  သိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများဆောင်ရွက်ခဲ့ကြပြီး ခရစ္စမတ်ဂါဝရပြု လက်ဆောင်များ ပေးအပ်လှူဒါန်း
Dec 27,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ပေါ် ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ဂါဝရပြုလက်ဆောင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် ပေးအပ်လှူဒါန်း ခဲ့ကြပြီး ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့ Community Centre တွင် တိုက်ကွမ်ဒို လှုပ်ရှားမှု သရုပ်ပြ
Dec 27,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေ ပြုဗဟိုဌာန Community Centre တွင် ဆောင်းရာသီ ဒီဇင်ဘာ အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ တိုက်ကွမ်ဒိုလှုပ်ရှားမှု သရုပ်ပြခြင်း ကို ယနေ့ နံနက် ၁၀ နာရီက Community Centre ၌ ကျင်းပသည်။