သတင်းများ

ပေါက်ခေါင်းမြို့နယ်တွင် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပ
Dec 28,2021
အရှိုချင်းတိုင်းရင်းသားများ စုပေါင်းပြုလုပ်သည့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ပေါက်ခေါင်းမြို့နယ် သဖန်းချိုကျေးရွာအုပ်စု ငှက်တော်ဦး ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ က မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ယမန်နေ့ နံနက်၉နာရီအချိန်က ရေတွင်းကုန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲဆောင်ရွက်
Dec 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိ ရသည်။
ကမာရွတ်မြို့နယ်အတွင်း အင်းယားလမ်းတစ်​လျှောက် စုပေါင်းသန့်ရှင်း​ရေးများ​ ဆောင်ရွက်
Dec 28,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင် သာယာ​ရေးဌာနမှ ဝန်ထမ်းများ စု​ပေါင်း၍ တက္ကသိုလ်ရိပ်သာလမ်းမကြီးတစ်​လျှောက် သန့်ရှင်းသာယာ လှပ​စေ​ရေး စု​ပေါင်းအဖွဲ့ဖြင့် လမ်းသားနှင့် ကတ်တုံးများ​ ရေ​ဆေးခြင်း ဆောင်ရွက်​ပေးလျက်ရှိပါသည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 28,2021
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်တတ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ 1 နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးဆရာ နတ်သျှင် ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Dec 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ဉာဏ်စမ်းပ ဟေဠိပြိုင်ပွဲ ကို ယနေ့နံနက်ပိုင်း (၈)နာရီအချိန်ခန့်က ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်လုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများစည်းကမ်းလိုက်နာနိုင်ရန်၊ လမ်းဘေးဝဲယာတွင် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။