တွံတေး ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ယမန်နေ့ နံနက်၉နာရီအချိန်က ရေတွင်းကုန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို၂၀၂၁ ခုနှစ်မေ(၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ(၇၃)အုပ်စုတွင် အသက်(၁၆)နှစ်မှ (၁၈)နှစ်ကြားပြည်သူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရမည် လူဦးရေ စုစုပေါင်း(၂၁၈၄၇) ဦးအနက် ယမန်နေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပြီးစီးသူ (၈၇၃၅)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျေးရွာအုပ်စု(၅၅)အုပ်စုအား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စု(၁၈)အုပ်စုကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား