ကမာရွတ်မြို့နယ်အတွင်း အင်းယားလမ်းတစ်​လျှောက် စုပေါင်းသန့်ရှင်း​ရေးများ​ ဆောင်ရွက်

ကမာရွတ် ဒီဇင်ဘာ ၂၈

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင် သာယာ​ရေးဌာနမှ ဝန်ထမ်းများ စု​ပေါင်း၍ တက္ကသိုလ်ရိပ်သာလမ်းမကြီးတစ်​လျှောက် သန့်ရှင်းသာယာ လှပ​စေ​ရေး စု​ပေါင်းအဖွဲ့ဖြင့် လမ်းသားနှင့် ကတ်တုံးများ​ ရေ​ဆေးခြင်း ဆောင်ရွက်​ပေးလျက်ရှိပါသည်။

အလားတူ ရပ်ကွက်အတွင်းရှိ အသုံးပြုလျက်ရှိ​သော အမှိုက်ပုံးများနှင့် အမှိုက်သိမ်းယာဉ်များ အနံ့အသက်​ကောင်းမွန်​စေရန်​ ရေများဖြင့်​ ဆေးကြောသန့်စင်ခြင်းနှင့် အဓိကလမ်းမကြီးများ အင်းစိန်လမ်းမကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ နာနတ်​တောလမ်း၊ ဗဟိုလမ်း၊ ဘုရင့်​နောင် လမ်းမကြီးနှင့် လှည်းတန်းလမ်းမကြီး​ပေါ်ရှိ ခြံစည်းရိုးနှင့် ပလက်​ဖောင်းကြား အမှိုက်များကို ရှင်းလင်းခြင်း၊ အများပြည်သူ အသုံးပြု​နေ​သော မှတ်တိုင်​နေရာများကိုလည်း ​ဆေး​ကြော၍ သန့်ရှင်းလှပ​စေ​ရေး၊ ရပ်ကွက်တွင်းရှိ​ ရေနှုတ်​မြောင်းများများမှ အမှိုက်များကို ရှင်းလင်းသယ်ယူခြင်းများကို မြို့နယ်စည်ပင်ဝန်ထမ်းများမှ​ စေတနာပြည့်ဝစွာဖြင့်​ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်ဆက်)