ပေါက်ခေါင်းမြို့နယ်တွင် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် ကျင်းပ

ပေါက်ခေါင်း   ဒီဇင်ဘာ   ၂၈

အရှိုချင်းတိုင်းရင်းသားများ စုပေါင်းပြုလုပ်သည့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ပေါက်ခေါင်းမြို့နယ် သဖန်းချိုကျေးရွာအုပ်စု ငှက်တော်ဦး ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကောက်သစ်စားပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ခဲ့ပြီး၊ နှုတ်ခွန်းဆက်ဂုဏ်ပြုစကားများ ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဆလိုင်းအေးပိုင် မှ အရှိုချင်းကောက်သစ်စားပွဲတော် ပြုလုပ်ရသည့် ရိုးရာဓလေ့များအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တက်ရောက်လာသော တိုင်းရင်းသားများသည် အဆိုပါကျေးရွာရှိ အရှိုချင်းတိုင်းရင်းများနှင့်အတူ ကောက်သစ်စားပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)