ရှမ်းရွာသစ် ဒီဇင်ဘာ(၂၈)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ သူ(၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)