မြို့နယ်လုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

မအူပင် ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများစည်းကမ်းလိုက်နာနိုင်ရန်၊ လမ်းဘေးဝဲယာတွင် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

စုပေါင်းအမှိုက်ကောက်ခြင်းအား မအူပင်မြို့အဝင် ခတ္တိယတိုးဂိတ်မှ မီးသွေးချောင်းကျေးရွာအုပ်စု၊ မီးသွေးချောင်းကျေးရွာ မြို့ထွက်ဆိုင်းဘုတ်ထိပ်ထိ၊ ရေလဲလမ်းဗိုလ်ချုပ်ကြေးရုပ်ရှေ့မှ မအူပင်မြို့ထွက် တက္ကသိုလ်ထိပ်ထိ လမ်းဘေးဝဲယာတွင် ဆောင်ရွက်ခဲ့ပြီး စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

‌အဆိုပါ စု‌ပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ခရိုင်စီမံကောင်စီအဖွဲ့ဥက္ကဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကောင်စီအဖွဲ့ဥက္ကဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။        

အောင်ခိုင်၊ အောင်မြင့်မြတ်