Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဖောင်းပြင်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် သန်း(၃၅၀)ဖြင့် ကျေးရွာချင်းဆက် လမ်းများ ကောင်းမွန်ရေး ဆောင်ရွက်မည်ဖြစ်
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု (၆)လဘတ်ဂျက် အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် သန်း(၃၅၀)ဖြင့် ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်စေရေးအတွက် လမ်းများအား မြေသား တာဘောင်တင်ခြင်း၊ ဂျင်းမြေခင်းခြင်း၊ တစ်ကြောင်း ထိုးလမ်းများ ဖောက်လုပ်ခြင်း၊ Box-Culvertများ တည်ဆောက်ခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနက တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 29,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲအားမြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ခတ္တာဆောင်၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron) ရောဂါပိုး သတိပြုကာကွယ်နိုင်ရေး မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်နှိုးဆော်
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron) ရောဂါပိုးအကြောင်း ပြည်သူများသတိပြု သိရှိလိုက်နာစေရန် အတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မဘိမ်းမြို့မဈေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် Community Centre တွင် စာရေးဆရာ ကလောင်စုံရေးသားထားသော လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန( Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကလောင်စုံရေးသားထားသော “လူငယ်နှင့်ဘဝတန်ဖိုး” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဉာဏ်စမ်းပဋေဟိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 29,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) မြို့နယ် အဆင့် ဉာဏ်စမ်းပဋေဟိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန် က ရသေ့တောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် EM ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်
Dec 29,2021
လင်းခေးတွင် လယ်ယာမြေစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ EM ဘိုကာရှီမြေဆွေး ပုံပြုလုပ် နည်းလက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ တပ်နယ်စိုက်ကွင်း နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Dec 29,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22095
Page
22096
Page
22097
Page
22098
Current page
22099
Page
22100
Page
22101
Page
22102
Page
22103
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department