သတင်းများ

မိုးမောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Dec 30,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၁)နာရီခွဲက မိုးမောက်မြို့မစျေးရှေ့နှင့် အ.မ.က(၃) မူလွန်ကျောင်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်အတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များနှင့် ပတ်သက်၍ ရှောင်တခင်စစ်ဆေး
Dec 30,2021
ဂွမြို့နယ်အတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံစိတ်ချရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် သံတွဲခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိကိတ်မုန့်လုပ်ငန်းများနှင့် ရေသန့်စက်ရုံများသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အရာတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများ ကျင်းပ
Dec 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူလေးများ အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီ အချိန်ကစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် (၁) နာရီခွဲအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
တန့်ဆည်မြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်
Dec 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် လွန်ဆွဲပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဒီဇင်ဘာလ ၃၀ ရက် နံနက်၉ နာရီအချိန်ကအ ထ က( ၁) ကျောင်းတွင် ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ အချိန်မီ လာရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေးနှင့် ကာကွယ်ဆေးများ မဖြစ် မနေ  ထိုးနှံကြရေး  အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက်ပိုင်းက မြို့ပေါ်နှင့် ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိ ပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Dec 30,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး၊ (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မောက်မယ်မြို့နယ် အ.ထ.က၌ ကျပန်းစကားပြော ပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပျော်ရွင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။