ပင်းတယမြို့နယ်၌  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ပင်းတယ ဒီဇင်ဘာ  ၃၀

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး၊ (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ (ပင်းတယ)မှ ဝန်ထမ်းများဖြစ်သည့် ဒေါ်အေးအေးလတ်၊ ဒေါ်မေဇင်ဦးနှင့် ဦးကောင်းထက်ကျော်တို့က  လွတ်လပ်ရေးနေ့ဖြစ် ပေါ်လာပုံနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်း၊ လွတ်လပ်ရေးနေ့ဟူသည့် အဓိပ္ပာယ်၊ လွတ်လပ်ရေးနေ့ဖြစ် ပေါ်လာပုံ၊ လွတ်လပ်ရေးဆုံးရှုံးပြီးနောက် တိုင်းရင်းသား ညီအကိုမောင်နှမများ၊ တောင်ပေါ်/ မြေပြန့် အပါအဝင် နိုင်ငံအနှံ့အပြား နည်းမျိုးစုံဖြင့် ပုန်ကန်တော်လှန်ပြီး နယ်ချဲ့ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးအား ပြန်လည်ရရှိလာပုံများနှင့် မြန်မာ့လွတ်လပ်ရေးအဓိန့်ရှည် ခိုင်မြဲရေး မြန်မာ ပြည်သူ/ ပြည်သားအားလုံး စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ပင်းတယ (ဒေသ ပြန်/ ဆက်)