မိုးမောက် ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၁)နာရီခွဲက မိုးမောက်မြို့မစျေးရှေ့နှင့် အ.မ.က(၃) မူလွန်ကျောင်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အမျိုးသားညီညွတ်ရေး၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက၊ “တို့များဆင်မြန်း လွတ်လပ်ပန်း” ကဗျာ၊ “ကမ္ဘာတည်သရွေ့စောင့်ရှောက်” ဆောင်းပါးစသည့် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော သိမှတ်ဖွယ်ရာများ ပါဝင်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)