ဂွ ဒီဇင်ဘာ ၃၀
ဂွမြို့နယ်အတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံစိတ်ချရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် သံတွဲခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိကိတ်မုန့်လုပ်ငန်းများနှင့် ရေသန့်စက်ရုံများသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် သံတွဲခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် Eclectic ကိတ်မုန့်လုပ်ငန်း၊ ချိုအေးကျော် ကိတ်မုန့်လုပ်ငန်း၊ Stream ရေသန့်စက်ရုံ၊ Hlwan ရေသန့်စက် ရုံများသို့ ရောက်ရှိပြီးအစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံစိတ်ချရေးနှင့် အရည်အသွေး ကောင်းမွန်ရေးတို့အတွက် ရည်ရွယ်၍ လုပ်ငန်းများ၏ မြေပြင်ရှိ အခြေအနေအား ရှောင်တခင်စစ်ဆေး ခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်