တန့်ဆည်မြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်

တန့်ဆည်   ဒီဇင်ဘာ ၃၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် လွန်ဆွဲပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဒီဇင်ဘာလ ၃၀ ရက် နံနက်၉ နာရီအချိန်ကအ ထ က( ၁) ကျောင်းတွင် ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ လွန်ဆွဲ​ ပြိုင်ပွဲ၊  အာလူးကောက်၊ အိတ်စွပ်​ပြေး၊ မီတာ၅၀ ကျား/မ အပြေးပြိုင်ပွဲနှင့်ထုပ်စီးတိုးပြိုင်ပွဲ ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး နှင့်ဌာနဆိုင်ရာများက ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။

ညိုထွန်း (တန့်ဆည်)