နောင်ချိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဆက်လက်ဖြန့်ဝေ
Jan 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။