ကျိန္တလီမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ကျိန္တလီ ဇန်နဝါရီ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်  နာရီအချိန်က  မြို့ပေါ် အမှတ်( )ရပ်ကွက်များသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် အမျိုးသားရေးဦးတည်ချက် ()ရပ်၊ အမျိုးသားညီညွှတ်ရေး (ဗိုလ်ချုပ်အောင်ဆန်း ၂၀--၁၉၄၆ ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ ပြောကြားသောမိန့်ခွန်မှ ကောက်နုတ်ချက်) မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ (သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ ၂၀၂၁ စာအုပ်မှကောက်နုတ်ချက်) လွတ်လပ်ရေးကို ကာကွယ်ရမယ် (၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်း အနားတွင်ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်) ပြည်သူ့အင်းအားသည် သာအဓိကဆိုသည့် (နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏() လပြည့်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သတ်၍ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်) ကမ္ဘာတည် သရွေ့စောင့်ရှောက်၊ စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်း လွတ်လပ်ရေးပန်း (ကဗျာ)များ ပါဝင်ကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)