ရွှေဘို၌ (၇၄)ကြိမ်မြောက် လွတ်လက်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ

ရွှေဘို ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ရန်ကြီးအောင် မိုးလုံလေလုံအားကစားခန်းမနှင့် မြင်းပြိုင်ကွင်း မိုးလုံလေလုံ အားကစားခန်းမတို့တွင် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ ရွှေဘိုခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပ လျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ရန်ကြီးအောင် မိုးလုံလေလုံ အားကစားခန်းမအတွင်း၌ ပိုက်ကျော်ခြင်း သုံးယောက်တွဲ၊ နှစ်ယောက်တွဲများ ယှဉ်ပြိုင်ကစား လျက်ရှိပြီး သုံးယောက်တွဲ အသင်း ၂၀ သင်း၊ နှစ်ယောက်တွဲ အသင်း ၂၀ သင်းယှဉ်ပြိုင်လျက်ရှိပြီး၊ မြင်းပြိုင်ကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် စားပွဲတင် တင်းနစ် အားကစား ယှဉ်ပြိုင်လျက်ရှိရာ ကျားတစ်ဦးချင်းပြိုင်ပွဲ၊ မတစ်ဦးချင်းပြိုင်ပွဲ၊ ကျားမနှစ်ယောက်တွဲ ပြိုင်ပွဲနှင့် လူသစ်တန်းပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မ ၁၃ ဦးနှင့် ကျား ၂၂ ဦးရှိကြောင်း သိရသည်။

ယင်းအားက စားပြိုင်ပွဲမှ ဆုရရှိသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ နှစ်ရက်နေ့နှင့် သုံးရက်နေ့များတွင် ပျော်ပွဲရွင်ပွဲ အားကစားများ၊ စက်ဘီအနှေးစီးပြိုင်ပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းထံမှ သိရသည်။

စိုးသီဟ(ရွှေဘို)