ညောင်တုန်း ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်နှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဌ ဦးစန်းမြင့်တို့က ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ လွတ်လပ်ရေးနေ့ သမိုင်းကြောင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း စသည့် အကြေင်းအရာများအား ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ ဗဟုသုတတိုးပွားစေရန် ဟောပြောခဲ့သည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာဆောင်ပြပွဲကို ဆောင်ရွက်ခဲ့ပြီး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)