ဒေါပုံ ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ် လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမုံနာ(၁)ရပ်ကွက်တွင် ယမန်နေ့ ညနေ ၄ နာရီ အချိန်က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ ပေးအပ်သော ဘိုးဘွားတစ်ဦးကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ဒေါပုံမြို့နယ် ယမုံနာ(၁) ရပ်ကွက်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက သက်ကြီးဘိုးဘွား (၁၈)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်ဖြင့် စုစုပေါင်း(၅၄၀၀၀၀) ကျပ်တိတိအား ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ် ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ယဉ်မော်(ပြန်/ဆက်)