ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

ပျဉ်းမနား ဒီဇင်ဘာ

ပြည်ထောင်စုနယ်မြေ နေပြည်တော်  ပျဉ်းမနားမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှု ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက်ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကို စနစ်တကျမကြာ ခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်း စည်းကမ်းများကို ဆက်လက်လိုက်နာကျင့် သုံးသွားကြပါရန်တိုက် တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)