ကျိုင်းတုံ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီက ကျိုင်းဖောင်းချောင်းတွင် ပြုလုပ်သည်။
ငါးလွှတ်ပွဲသို့ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ကျိုင်းဖောင်းချောင်းအတွင် ငါးသားပေါက်မျိုးစုံ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)