နောင်ချိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဆက်လက်ဖြန့်ဝေ

နောင်ချို ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ () ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား   ဆက်လက်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး အမျိုးသားရေး ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ()ရက်နေ့တွင် ပထမဆုံးသော လွတ်လပ်ရေးအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန် ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများ စသည့် အကြောင်းအရာများ ပါဝင်ခဲ့ပြီး သတင်းစကား လက်ကမ်း စာစောင်များကို ပြည်သူများ လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင် ရည်ရွယ်၍ ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)