သရက်ချောင်း ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇန်နဝါရီလ (၃) ရက်နေ့နံနက် (၈) နာရီခွဲအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများ က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်( ၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချူပ်ဆိုခဲ့သော စာချုပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော် တာ၀န် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ ဖိုလေးလုံး သောင်းကိုကိုရေးသားသော တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာ စရှိသည့်အကြောင်းအရာများ ပါ၀င်ကြောင်း သိရသည်။
အေးနွယ်၀င်း