ခရမ်း ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်း အမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အ.ထ.က(၁) ကျောင်းတွင် ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ဦးစီးမှူး ဒေါ်ခင်နှင်းဝေနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ် အရောက် ဖြန့်ဝေခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေး ကာလ တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်၊ မိန့်ခွန်း ကောက်နုတ်ချက်များနှင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်း စရာများ စသည်တို့ ပါဝင်သည်။
ခရမ်းမြို့နယ် အ.ထ.က(၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)