သိန္နီမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

သိန္နီ ဇန်နဝါရီ ၃

သိန္နီမြို့နယ်၌ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဖြန့်ဝေဆောင်ရွက်ရာတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ဦးတည်ချက်များ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ တို့များဆင်မြန်း လွတ်လပ်ပန်း ကဗျာ၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက်၊ လွတ်လပ်ရေး နှင့်အချုပ်အခြာ မျိုးချစ်စိတ်နှင့် ကာကွယ်ပါ စသည့် အကြောင်းအရာများ ပါဝင်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်​ စောင်ရေ (၂၅၆)အား သိန္နီမြို့မဈေး၊ ပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ရုံးများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အိဇာချို(ပြန်/ဆက်)