တန့်ယန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် မီနီမာရသွန် အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။
အဆိုပါ အသက်(၁၈)နှစ်နှင့်အောက် မီနီမာရသွန် အပြေးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၀၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး