တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

တန့်ယန်း  ဇန်နဝါရီ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးကံရှိန်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်တို့ကကြီးကြပ်၍ လွတ်လပ်ရေး အမွေနှင့် အနာဂါတ်မျိုးဆက်သစ်တို့၏ တာဝန် ဆိုသည့် ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆)ဦး ပါဝင်ရောက်ယှဉ်ပြိုင် ကြကာ ပထမ၊ ဒုတိယ၊ တတိယဆု  ရရှိကြသည့် ကျောင်းသား ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ကြမည်ဖြစ်ကြောင်း သိရသည်။

 မင်းလွင်ဦး