မိုင်းလုံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းလုံ  ဇန်နဝါရီ    ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင် များကို  ကျောင်းသူ/ ကျောင်းသားများ၊ လမ်းဆုံများနှင့် လမ်းမဖြတ်သန်း သွားလာသူပြည်သူများအား  သွားရောက်ဖြန့်ဝေ ပေးခဲ့ သည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည် ချက်(၄)ရပ်၊၁၉၄၆ခုနှစ်၊ ဇန်နဝါရီလ၂၀ရက်နေ့တွင် အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက် "အမျိုးသားညီညွတ်ရေး" ၊၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်ဖြစ်သော`` လွတ်လပ်ရေးကိုကာကွယ်ရမယ်"၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့ သောစာချုပ်များနှင့်"တို့များ ဆင်မြန်းလွတ်လပ်ပန်း" ကဗျာ၊ကာတွန်း၊ ဆောင်ပုဒ်များအား ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

ဇော်ဇော်