ဗန်းမောက် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအား ဖိတ်ခေါ်ပြီး အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်း၌ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အားကစားသမားများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ဖူဆယ်ဘောလုံးအသင်း(၆)သင်း၊ ခြင်းလုံးခတ်ပြိုင်ပွဲဝင် အသင်း(၆)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဗိုလ်လုပွဲများကို လွတ်လပ်ရေးနေ့မတိုင်မီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်နွဲ့နှောင်း ရီ၏ ပြောပြချက်အရ သိရသည်။
မေသူဟန်(ဗန်းမောက်)