ရေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

ရေး ဇန်နဝါရီ    ၃

(၇၄)မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ထွေ/အုပ်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြေစာရင်း၊ မြို့နယ်စည်ပင်၊ ပညာရေး၊ မီးရထား၊ သစ်တော ဦးစီးဌာနတို့မှ အုပ်စုပတ်လည် ယဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာများမှ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်း၊ ဘော်လီဘော (ကျား/မ)၊ လွန်ဆွဲ (ကျား/မ)၊ စကောရွက်၊ ကွမ်းသီးကောက်ပြိုင်ပွဲနှင့် သုံးချောင်း ထောက်ပြိုင်ပွဲ များကို ဇန်နဝါရီလ (၃)ရက်နေ့မှ (၄)ရက်နေ့ထိ မြို့နယ် အားကစားကွင်းတွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၄)ရက်နေ့ ညနေတွင် ဆုများအား အသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

ခင်သိမ်သိမ့်ရည်၊