တောင်တွင်းကြီး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ် အေးမိုးမိုးမြင့်က ကျောင်းဟား/သူများ ကျောင်းစာအပြင် ပြငါပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှု စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီး မှုရရှိစေရန်၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများရရှိစေ ရန်နှင့် ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက် သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒီဇင်ဘာ(၃၀)ရက် နေ့ထုတ်မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ(၈)ပါ ဆောင်းပါးရှင်လွန်းပိုးအိမ် ရေးသားသည့် "လွတ်လပ်အမွေစောင့်ထိန်းလေ" လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြိုဂုဏ်ပြု ဆောင်းပါးအား အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) မှအလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀)ဦးတို့နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများမှခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို စိတ်ပါဝင်စားစွာကြည့်ရူ့လေ့လာကြကြောင်သိရသည်။
မြို့နယ်(ပြန်/ဆက်)