ဇီးကုန်း ဇန်နဝါရီ ၃
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နေ့လည် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မာမာဦးက ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ခင်းကျင်းပြသ ထားသောစာအုပ် စာစောင်များ၊ နံရံကပ်စာစောင်များကို တက်ရောက်လာသူများက ကြည့်ရှု့လေ့လာခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့ဖတ်ရှု လေ့လာလိုသော စာအုပ်စာစောင်များကို စာကြည့်တိုက်တာဝန်ခံ ဒေါ်ရီရီမြင့်က ငှားရမ်းပေးခဲ့ကြောင်းသိရသည်။ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးမှ ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်