ပခုက္ကူမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၄

၂၀၂ခုနှစ်၊ (၇)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်ခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း ကျင်းပပြုလုပ်ကြသည်။

ပထမဦးစွာ  (၇)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို နံနက် ၄နာရီ မိနစ် ၂၀အချိန်တွင် ကျင်းပရာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်အလံအား လွှင့်တင်ကြပြီး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်တို့ကို အလေးပြုကြသည်။

ယင်းနောက် နံနက် ၇နာရီအချိန်တွင် (၇)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်အလံအားအလေးပြုကြပြီး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတထံမှပေးပို့သော ၂၀၂ခုနှစ်၊ (၇)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကိုဖတ်ကြားသည်။

အခမ်းအနားသို့ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်နှင့်ပါမောက္ခ(ဌာနမှူး) များ၊ဆရာ/မများတက်ရောက်ကြပြီး   ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  (၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေကြကြောင်းသိရသည်။  

ဘာမီသာ(ပခုက္ကူ)