ကျောက်ဖြူမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားပြုလုပ်

ကျောက်ဖြူ     ဇန်နဝါရီ  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်သည့်  (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခမ်းအနားနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့မအားကစားဘောလုံးကွင်း ကြီး၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)အချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့ မှ နိုင်ငံအလံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအားအလေးပြုကြသည်။

ယင်းနောက် နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော်အလံကိုအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ကျောက်ဖြူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့်  လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများနှင့် ပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

တင်ထွန်းဦး၊ ဖြိုးဝေလင်း